သင်တန်းဆိုင်ရာ ပြဌာန်းသတ်မှတ်ချက်များ

- မိမိရွေးချယ်ထားသော ဘာသာရပ်ကို (သို့မဟုတ်) Membership Package ကိုဝယ်ယူရန် ငွေသွင်းပြီးလျှင် သင်တန်းသားအဖြစ် အတည်ပြုရန်  တစ်ရက်မှ သုံးရက် (အများဆုံး)အတွင်း ကြာမြင့်မည် ဖြစ်ပါသည်။

- မိမိဝယ်ယူထားသော Course တစ်ခု၏ ကြည့်ရှုရမည့် သက်တမ်းမှာ ၂ လ ဖြစ်ပါသည်။(Premium Membership ဝယ်ယူပြီးတက်ရောက်သူများကတော့ ဝယ်ယူထားတဲ့ ကာလ (၃ လ ၊ ၆လ ၊ ၁နှစ်) သက်တမ်းအလိုက်ဖြစ်ပါတယ် )

About Certificate

- မိမိရွေးချယ်ထားသော ဘာသာရပ်၏ သင်ခန်းစာဗီဒီယိုများ အားလုံး၊ Quiz များ အားလုံးကို ဖြေဆိုအောင်ပြီးမှသာလျှင် စီမံဘဏ္ဌာနှင့်စက်မှုဝန်ကြီးဌာန အသိအမှတ်ပြု သင်တန်းပြီးမြောက်အောင်မြင်ကြောင်း လက်မှတ် (Certificate ) ရရှိမည် ဖြစ်သည်။

- Quiz များကိုဖြေဆိုရာတွင် စုစုပေါင်း ရမှတ် (၆ဝ) အောက်ရရှိလျှင် ကျရှုံးသည်ဟု သတ်မှတ်၍ ဒုတိယအကြိမ် ထပ်မံဖြေဆိုခွင့်ပေးမည်။ဒုတိယအကြိမ် ဖြေဆိုရာတွင် မအောင်မြင်ပါက ထပ်မံဖြေဆိုခွင့်မရနိုင်ပါ။

- ဖြေဆိုထားသည့် ရမှတ်များ အပေါ်မူတည်၍ စုစုပေါင်းရမှတ် (၆ဝ) မှ (၈ဝ) ရရှိလျှင် သာမန်အဆင့်ဖြင့် အောင်မြင်ခြင်း ၊ စုစုပေါင်းရမှတ် (၈ဝ) မှ (၁ဝဝ) ရရှိလျှင် ထူးချွန်အဆင့် အောင်မြင်ခြင်း  ဟုသတ်မှတ်သည်။

- Quiz များအားလုံးဖြေဆိုပြီးနောက် ရမှတ်ပေါ်အခြေခံသော သင်တန်းဆင်းအောင်လက်မှတ် (Certificate) ကို ၁၅ဝဝ ကျပ်ဖြင့် Softcopy ကို အီမေးလ် ဖြင့်လည်းကောင်း၊ Hardcopy ကို Delivery ဖြင့်လည်းကောင်း တစ်ပတ်အကြာတွင် ရရှိမည် ဖြစ်ပါသည်။ (Delivery fees ကိုတော့ သင်တန်းသား ဘက်မှ ကျခံရမည်ဖြစ်ပါသည်။)

15000+

Learners

100+

Instructors

1000+

Courses

4

Degrees